တာမွေ၊ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့မှစတင်၍ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို တာမွေ မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ် ဌာန(၂)ခုတို့တွင် စတင်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၅၉၂)ဦး အေးချမ်းစွာ စတင်ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင် များ၊ ခရိုင်/ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၌ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၃၁၅)ဦး၊ ကျောင်းသူ(၃၁၀)ဦး စုစုပေါင်း (၆၂၅)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၃၀၁)ဦး၊ ကျေင်းသူ(၂၉၁)ဦး စုစုပေါင်း (၅၉၂)ဦးအထိရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၄.၇၂)ရာခိုင်နှုန်းအထိရှိကြောင်းနှင့် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသားတစ်ဦးမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူရင်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment