နေပြည်တော်၊ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာ၌ လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘန့်ဘွေးမြောက်ကျေးရွာနှင့် ထန်းဇင် ကျေးရွာများရှိ နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၁၈ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းအတု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ချေမှုန်းမှုများကြောင့် အကျအဆုံးများပြားလာသဖြင့် ကျေးရွာ များအတွင်း ဝင်ရောက်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း များ လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသည့် ကျေးရွာ များအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ လူထုက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment