ဒေးဒရဲ၊ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုပြီးစီးရေးနှင့်ကြီးကြပ်ရေး ဆရာ၊ ဆရာမများ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို ဖျာပုံစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က (တော်ကမယ်) စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှု၊ ကြီးကြပ်ရေးဆရာ၊ ဆရာမများတွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ကွင်းဆင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၈၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment