နေပြည်တော်၊ မတ် ၉
မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူများသည် ယမန်နေ့က မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို) ၌ အထူးကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ကြသည်။
ဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်အတွင်းမှ လာရောက်ပြသသည့် ဒေသခံပြည်သူများကို တိုင်းရင်းဆေးဖြင့် ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှကြသည်။
ယင်းနောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးဝင်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာနှင့် အနာရောဂါကင်းရှင်းပြီး ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောသည်။
အဆိုပါကွင်းဆင်း ဆေးကုသရေးအစီအစဉ်တွင် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ (နေပြည်တော်) မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုဦးဆောင်သော ဆေးကုသရေးအဖွဲ့ဝင် ၁၅ ဦးတို့က တိုင်းရင်းဆေးဝါးများဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ် ရောင်အဆစ်နာရောဂါများ၊ ထုံနာ၊ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ အာရုံကြောအားနည်း ရောဂါရှင်များ စုစုပေါင်း ၁၇၅ ဦးအားကုသပေးကြပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကျပ်ထုပ်ထိုးကုသခြင်း၊ ဆေးစည်း၊ ဆေးကပ်ခြင်းနှင့် အာရုံကြောရောဂါများကို မိုးကြိုးသွားဖြင့်ကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment