ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ပူးတွဲသုတေသန အဆိုပြုစီမံကိန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ပူးတွဲသုတေသန အဆိုပြုစီမံကိန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

017


နေပြည်တော်၊ မတ် ၂၈

ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ပူးတွဲသုတေသနအဆိုပြုစီမံကိန်းများအတွက် တရုတ်-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်များနှင့်စပ်လျဉ်း၍ ရွေးချယ်ဆောင်ရွက်နိုင်ရန်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် နှစ်ဖက်အကျိုးရှိသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ စီမံကိန်းလျှောက်ထားသည့် အဖွဲ့အစည်းများက သုတေသနစီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ဝင်များ၊ စီမံကိန်းလျှောက်ထားသည့် အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages