မတ် - ၁၂ ( ဗုဒ္ဓဟူးနေ့ )
လက်ရှိ ဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတအာမက်အယ်လ်ရှာရာအာ နဲ့ ဆီးရီးယား ဒီမိုက်ရက်တစ် တပ်ဖွဲ့မှူး မက်ဇ်လိုရမ်အဘာဒီ တို့ကြား သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ထိုးနိုင်ခဲ့လို့ ပြည်တွင်းစစ် ပြီးကာစ ဆီးရီးယားနိုင်ငံမှာ ကွဲပြားနေတဲ့ လက်နက်ကိုင်အဖွဲ့များပေါင်းစည်းရေးလုပ်ငန်း စတင်အသက်ဝင်လာပြီလို့ ဆီးရီးယားကြားဖြတ်အစိုးရမှပြောပါတယ်။
သဘောတူညီချက်မိတ္တူကို ဆီးရီးယားအစိုးရ၏ တယ်လီဂရမ် အကောင့်တွင် ဖော်ပြခဲ့ပါတယ်။ "ကာ့ဒ်အသိုင်းအဝိုင်းသည် ဆီးရီးယားနိုင်ငံတော်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်" ဟုကြွေးကြော်ကာ "နိုင်ငံရေးလုပ်ငန်းစဉ်တွင် ဆီးရီးယားနိုင်ငံသားအားလုံး၏ နိုင်ငံရေးဖြစ်စဉ်တွင် ကိုယ်စားပြုပါဝင်မှုနှင့် ပါဝင်ခွင့်ကို အာမခံရန် သဘောတူညီခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံသားဖြစ်ခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးအားလုံးကို အာမခံပါသည်" လို့ပါရှိပါတယ်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီရန်၊ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ပေါင်းစည်းရန်၊ ယခင်အာဏာရှင်ဟောင်း အစိုးရ၏ အကြွင်းအကျန်များကို တိုက်ဖျက်ခြင်းကို ပံ့ပိုးကူညီရန် တို့ပါဝင်ပါတယ်။ အခြားသဘောတူညီချက်များကြားတွင် အိုးမဲ့အိမ်မဲ့ ဆီးရီးယားနိုင်ငံသားများအားလုံး ပြန်လာရေး အာမခံချက်တို့ကိုလည်း သဘောတူညီထားကြောင်းလည်း ၎င်းက ဆိုပါတယ်။
ကာဒ့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အဘာဒီ က အဆိုပါ သဘောတူညီချက်သည် ကွဲပြားမှုအားလုံးပါဝင်သည့် ဆီးရီးယားနိုင်ငံသစ်ကို တည်ဆောက်ရန် အမှန်တကယ်အခွင့်အရေးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
“တရားမျှတမှုနဲ့ တည်ငြိမ်ရေးတို့အတွက် ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်စေမယ့် အသွင်ကူးပြောင်းရေးအဆင့်ကို သေချာစေဖို့ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်နေပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။ "ဆီးရီးယားနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို အာမခံပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကျွန်ုပ်တို့ ကတိပြုထားပါတယ်" လို့ ဆိုပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment