ငြိမ်းချမ်းရေးပေါ်မှာ သစ္စာတရားလက်ကိုင်ထားပြီး ရှေ့ဆက် ချီတက်ရမှာဖြစ်ပါတယ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ငြိမ်းချမ်းရေးပေါ်မှာ သစ္စာတရားလက်ကိုင်ထားပြီး ရှေ့ဆက် ချီတက်ရမှာဖြစ်ပါတယ်

003

နေပြည်တော်၊ မတ် ၂၅

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့”ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း က ငြိမ်းချမ်းရေးပေါ်မှာ သစ္စာတရားလက်ကိုင်ထားပြီး ရှေ့ဆက် ချီတက်ရမှာဖြစ်ကြောင်း ပြောသည်။

စောမြရာဇာလင်း က "နိုင်ငံရေးတည်ငြိမ်မှ၊ နိုင်ငံရေးတိုးတက်မှ ကျွန်မတို့လုံခြုံရေးကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်မကတော့ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာ အားဖြည့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ ကျင်းပတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိမှာဖြစ်ပါတယ်။ ကျွန်မတို့ NCA ကို လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပခဲ့ကြတယ်။ ပင်လုံညီလာခံက သဘောတူညီ ချက်တွေကိုလည်း ပြန်လည်အကောင် အထည်ဖော်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးပေါ်မှာ သစ္စာတရားလက်ကိုင်ထားပြီး ရှေ့ဆက်ပြီး ချီတက်ရမှာဖြစ်ပါတယ်။ ကျွန်မအားသွန်ခွန်စိုက်ဆွေးနွေးဖို့ ငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်ရှိလာရခြင်းဖြစ်ပါတယ်။ ဒီစကားဝိုင်းဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့်ရလဒ်တွေကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးပါတယ်။ စီးပွားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားကြမယ်လို့ ယုံကြည်ထားပါတယ်။" ဟု ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင် အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက်ပါဝင် လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိအမြင်တိုးမြှင့်လာစေရန်နှင့် နိုင်ငံအတွင်း ပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန်တိုးတက်လာနိုင်စေမည့် ရေတိုရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages