မတ် - ၁၄ ( သောကြာနေ့ )
မြောက်ကိုရီးယားနယ်စပ်အနီးရှိ ရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၉ ဦးထက်မနည်း ဒဏ်ရာရပြီး ပိုင်ဆိုင်မှု သိသိသာသာ ပျက်စီးသွားတာကြောင့် လေတပ်မှ တိုက်လေယာဉ်မှူးနှစ်ဦးကို တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက ရာဇဝတ်မှုဆိုင်ရာ ပေါ့ဆမှုဖြင့် တရားစွဲဆိုထားပါတယ်။
မြောက်ကိုရီးယားနယ်စပ်အနီးရှိ နိုဂေါက်ရီ - ပိုချိအွန် အခြေချနေထိုင်ရာနေရာသို့ မတ်လ ၆ ရက်က ကိုရီးယား F-16 တိုက်လေယာဉ်နှစ်စင်းမှ MK-82 ဗုံး ၈ လုံးကို မှားယွင်းပစ်လွှတ်ခဲ့ပါတယ်။ "မှုခင်းစုံစမ်းစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်မှ လေယာဉ်မှူးများ၏ ပစ်မှတ်သြဒိနိတ်များ မှားယွင်းဝင်ရောက်မှုသည် မတော်တဆမှု ဖြစ်ပွားရခြင်း၏ တိုက်ရိုက်အကြောင်းရင်းဖြစ်ကြောင်း ယနေ့အထိ စုံစမ်းစစ်ဆေးမှုတွင် အတည်ပြုခဲ့သည်" ဟု ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။ စွဲချက်တင်ခံထားရသော လေယာဉ်မှူးများကို လေယာဉ်မောင်းတာဝန်မှ ရပ်နားထားပြီး ၎င်းတို့၏ ပျံသန်းမှု အသိအမှတ်ပြုလက်မှတ်များကို ပြန်လည်စစ်ဆေးလျက်ရှိပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၅ ဦး အပါအဝင် အနည်းဆုံး လူ ၂၉ ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သိရပါတယ်။ သတ်မှတ်ထားသော ပစ်ခတ်တိုက်ခိုက်မှု ပြင်ပတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများသည် အိမ်ငါးလုံး၊ ဘုရားကျောင်းတစ်ခု၊ ဂိုဒေါင်တစ်လုံးနှင့် ဖန်လုံအိမ် အပါအဝင် အရပ်သား အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားလေတပ်သည် စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန်၌ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများနှင့် လေ့ကျင့်ပျံသန်းမှုအားလုံးကို ဆိုင်းငံ့ထားပါတယ်။ လေတပ်ဦးစီးချုပ်က တောင်းပန်ပြီး နောင်တွင် အလားတူဖြစ်ရပ်မျိုးမဖြစ်အောင် စစ်ဆင်ရေးလုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်မည်ဟု ကတိပြုထားပါတယ်။ တောင်ကိုရီးယား အခြေစိုက် အမေရိကန် လေတပ်(USFK) က အပျက်အစီးဖြစ်စေတဲ့ ပစ်ခတ်မှု လေ့ကျင့်မှုတွင် အမေရိကန် လေတပ်မှ လေယာဉ် တစ်စင်းမျှ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ ပြောထားပါတယ်။ အဲ့ဒိဖြစ်ရပ်ကြောင့် အရပ်သားများအနီးမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ လုံခြုံရေးနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ မြင့်တက်လာခဲ့ပါတယ်။ ပိုချီအွန် နဲ့ အနီးအနား ဒေသများမှာ တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံစလုံး၏ စစ်ဘက်သုံး လေ့ကျင့်ရေးကွင်းများကို လုပ်လေ့ရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment