ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ်

102

103


ကသာ၊ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ဆရာမများအား ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ်ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်စိုးက ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြင့်မားရေး ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲရင့်ကျော်က ဆွေးနွေးပွဲ၏ စည်းကမ်းချက်များ၊ ဆွေးနွေးပွဲကာလအတွင်း ဘာသာရပ်အလိုက် ဆွေးနွေးမှုများကို စနစ်တကျ လေ့လာသင်ယူကြရန်တို့ကို ပြောကြားခဲ့သည်။

ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေးဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မတ်လ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့်တွင် နည်းပြ(၂၂)ဦးနှင့် ကျောင်းဆရာ/ဆရာမ (၃၁၈)ဦး၊ အလယ်တန်းအဆင့်တွင် နည်းပြ(၁၆)ဦး၊ ဆရာ/ ဆရာမ (၂၂၃) ဦး တက်ရောက်ဆွေးနွေးကြမည်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။           


ကျော်စွာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages