ရန်ကုန်၊ မတ် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၆-၃-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၀၉း၃၀ နာရီအချိန်တွင် တွေ့ဆုံခဲ့သည်။
အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိသော မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ ကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပညာရှင်များရှုထောင့်မှ အကြံဉာဏ်များ၊ သုံးသပ်ချက်များကိုစဉ်ဆက်မပြတ် အကြံပြုတင်ပြသွားနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment