နေပြည်တော်၊ မတ် ၂၂
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သွေးအလှူရှင်ပြည်သူများ တက်ရောက် ကြသည်။
ဦးစွာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သွေးအလှူရှင်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင် ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်နေရာအသီးသီး၌ သွေးအလှူရှင် ၁၉၅ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်း နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment