ဟိုင်းကြီးကျွန်း , မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ (တပေါင်းလဆန်း (၁) ရက်နေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မတ်လ (၁၁) ရက်နေ့အထိ ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး (၅၆၀၀၀) ကျော် လာရောက်ဖူးမြော်ကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ဖြင့် တည်ထားသောဘုရားတစ်ဆူဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် လမ်းခရီးဝေးသော်လည်းရောက်အောင် လာရောက် ဖူးမြော်ကြပြီး ဥုပုသ်သတင်းသီလဆောက်တည်ခြင်း၊ အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့် အပြင်ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်း ဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမြော်ခြင်း၊ ကျောက်ကလပ်သို့သွားရောက်၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန် လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment