လယ်ဝေး၊ မတ် ၁၆
၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ ၁၇ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းမှစ၍ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်များရှိ စာစစ်ဌာနဖွင့်လှစ်ထားသည့် ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နေပြည်တော်တိုင်း ပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်(အ-ထ-က)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အ-ထ-က (၂၀) နှင့် အ-ထ-က(၁၃) စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ပူးပေါင်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးခရိုင်ပညာရေးမှူး ဦးကျော်စိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအနက် အ.ထ.က(သပြေပင်)၊ အ.ထ.က(၂)နှင့် အ-ထ-က(၁) စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် လုံလောက်သော အလင်းရောင်ရရှိရေး၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများအတွင်း စာရေးခုံ၊ ထိုင်ခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment