ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ကွင်းဆင်းစစ်ဆေး



နေပြည်တော်၊ မတ် ၂၅


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်ခဲ့သည့်ခရီးစဉ်တွင် မှာကြားခဲ့သည့် မဟာဇေယပထ မောင်အို အုတ်လမ်းတံတား၊ မဟာဇေယပထ မောင်အို အုတ်လမ်းတံတား၏ ကျောက်စာရုံ၊ လောကသရဖူ ဘုရားအတွင်း ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် စည်တိုပုံမြို့ရိုး၏ အနောက်ဘက်မျက်နှာ မြို့ရိုး၊ မြို့ဝင်ပေါက်နှင့် ကျုံး၊ အင်းဝရှေးဟောင်း သုတေသနပြတိုက်၊ အင်းဝဗားကရာသစ်သားဘုန်းတော်ကြီးကျောင်း၊ မြင့်မိုရ်တောင်ဘုရား၊ ဝင်္ကပါဘုရား၊ လောကဒုဿမာန်အောင်ဘုရားနှင့် ကြောင်လိမ် ဘုရားပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)