တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇၉၀ ဒသမ ၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇၉၀ ဒသမ ၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

059

နေပြည်တော်၊ မတ် ၅

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁ ရက်နေ့ ၁၆၃၀ အချိန် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ကမ်းနားလမ်းနှင့် အောင်ဇေယျလမ်းထောင့်တွင် မသင်္ကာဖွယ် တွေ့ရှိသူ အိုက်လျှဲန်း အား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ထားသည့် ပလတ်စတစ်အိတ်အတွင်းမှ ဘိန်းဖြူဘလောက်တုံး ၃ ဒသမ ၄ ကီလို(တစ်ကီလိုလျှင် ၁၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၅၁၀ သိန်း)နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၄၈၀ ပြား(တစ်ပြားလျှင် ၄၀,၀၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၉၂ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂ ရက်နေ့ ၁၆ ၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နမ့်ဖူးကျေးရွာရှိ ကျမူး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၆၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၈၈ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် အိုက်လျှဲန်း(၂၄)နှစ်နှင့် ကျမူး(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages