ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အင်အားကြီး စစ်သွေးကြွအဖွဲ့ ဟေရက်တဟာရယ် အယ်လ်ရှမ် (HTS) သည် တစ်ချိန်က ဆီးရီးယားရဲ့ အတိုက်အခံ အင်အားစုအဖြစ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေ ဆီရီးယား သမ္မတ ဘာရှာ အာဆက် ဦးဆောင်တဲ့ အစိုးရကို လျှတ်တပြတ် တိုက်စစ်တွေ နဲ့ ဖြုတ်ချနိုင်ခဲ့ပြီးနောက်မှာတော့ အဆိုပါအဖွဲ့အား တရားဝင်ဖျက်သိမ်းခဲ့ပြီး ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပေမဲ့ ၎င်းရဲ့ မူလအစ ဘီလူး ပုံစံကတော့ မပြောင်းလဲသေးပါဘူးလို့ ပြောလာနေကြပါတယ်။ ဆီးရီးယားရှိ အယ်ကေဒါ အကြမ်းဖက်အဖွဲ့ရဲ့ တရားဝင်ဌာနခွဲ ဂျက်ဘက်အယ်လ်နျူစရာ ကနေ ပေါက်ဖွားလာတဲ့ HTS က ကမ္ဘာပေါ်မှာ နာမည်ဆိုးဆုံး အကြမ်းဖက်ကွန်ရက် တစ်ခုဖြစ်ပြီး သူတို့က အကြမ်းဖက်သမားတွေနဲ့ တူညီသော အတွေးအခေါ် DNA ကို သယ်ဆောင်ထားတာပါ။
သူတို့အဖွဲ့က နိုင်ငံတကာမှာ တရားဝင်မှုများရဖို့အတွက် သူ့ကိုယ်သူ ပြန်လည်တံဆိပ်ကပ်ရန် ကြိုးပမ်း နေသော်လည်း သူတို့နည်းလမ်းများမှာ မပြောင်းလဲဘဲ ကျန်ရှိနေပါသေတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် သူတို့ရဲ့ အစွန်းရောက်ဝါဒနှင့် မကိုက်ညီသူများကို စနစ်တကျ သုတ်သင်ရှင်းလင်းခြင်းများ ကို ဆက်လက်လုပ်ဆောင်နေပါတယ်။
HTS နှင့် သူတို့ရဲ့ မဟာမိတ် နိုင်ငံခြားသားများက အလာဝီတီ ၊ ခရစ်ယာန် နဲ့ ဒရုဇီ အသိုင်းအဝိုင်းများအပေါ် အကြမ်းဖက်မှု လှိုင်းလုံးကြီးများကို ထုတ်လွှတ်ခဲ့ကြပါတယ်။ ဆီးရီးယားကမ်းရိုးတန်းမြို့ တွေမှာ သူတိူ့ရဲ့ အာဏာစက်က လွှမ်းမိုးထားပါတယ်။ ရွာလုံးကျွတ် ဖျက်ပစ်တာတို့ မြို့သူမြို့သားတွေကို ညမိုးချုပ်ရင် လိုက်လံသတ်ပစ်တာတို့က ရှိနေဆဲပါပဲ ။ အဲ့ဒိလို ကြောက်မက်ဖွယ်ရာများ ပေါ်ပေါက်နေပေမဲ့ ကမ္ဘာကြီးကတော့ လျစ်လျူရှုထားဆဲဖြစ်ပြီး နိုင်ငံတကာအင်အားကြီးများ၏ တိတ်ဆိတ်မှုများက ကျူးလွန်သူတွေကို ခွန်အားဖြစ်စေပါတယ် ။
လာတာကီးယား က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (စိတ်ကူးနဲ့တောင်မတွေးရဲတဲ့ ထိတ်လန့်စရာည)
ဆီးရီးယား၏ မကြာသေးမီက သမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံးညများတွင် ကျေးလက်ဒေသ လာတာကီးယားရွာကို အကြမ်းဖက်အဖွဲ့တွေ စုပြီး တိုက်ခိုက်ခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် သေဒဏ်ပေးခဲ့ပါတယ် ။ မျက်နှာဖုံးစွပ်အမျိုးသားများသည် ရွာများကို ဝင်ရောက်စီးနင်းခြင်း၊ မိသားစုများကို အိမ်များမှ ဆွဲထုတ်ခြင်းနှင့် လူထုအား ကွပ်မျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများက ပြောပြကြပါတယ် ။ ဆန့်ကျင်သူများကို ၎င်းတို့၏နေအိမ်များအတွင်းထဲမှာပဲ မီးရှို့ ခဲ့ပြီး ရပ်ကွက်တစ်ခုလုံး မီးလောင်ပြာကျပြီး အပျက်အစီးများသာ ကျန်ရစ်ခဲ့ရပါတယ် ။ လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များ အရ ပြစ်မှုကျူးလွန်သူအများစုမှာ အရှေ့အလယ်ပိုင်းမှ ဝေးကွာသော ဒေသများမှ သယ်ဆောင်လာသည့် နိုင်ငံခြားတိုက်ခိုက်ရေးသမားများဖြစ်ကြောင်း ညွှန်ပြနေပါတယ်။
“သူတို့က ငါတို့ဘာသာစကားတောင် မပြောတတ်ဘူး” လို့ သက်ကြီးရွယ်အို အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောပါတယ် ။ “သူတို့က ငါတို့ဘယ်သူလဲဆိုတာလည်း မသိခဲ့ကြပါဘူး၊– သူတို့ကို ငါတို့က ခံပြောတာကလွဲလို့ ငါတို့ကို မုန်းစရာအကြောင်းမရှိပါဘူး” ဆိုပါတယ်။
လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးရပြီးနောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဂြိုလ်တုပုံရိပ်များမှာလည်း အသက်ရှင်ကျန်ရစ်သူများ ၊ မီးလောင်ကျွမ်းထားသော အိမ်တန်းများ၊ အစုလိုက်အပြုံလိုက် သင်္ချိုင်းများ ကိုတွေ့ရပြီး တစ်ချိန်က ဘဝပေါင်းများစွာ ရှင်သန်ခဲ့ဖူးတဲ့ တစ္ဆေမြို့များကို တွေ့ရမှာပါ။
တာတပ်မြို့က သွေးရေချိုးခြင်း- ကရုဏာမရှိသော သတ်ဖြတ်မှု
တစ်ချိန်က တိုးတက်နေတဲ့ ကမ်းရိုးတန်းမြို့ တာတပ် ကအခုတော့ သင်္ချိုင်းကုန်းမြေတစ်ခု ဖြစ်သွားပါပြီ ။ HTS တိုက်ခိုက်ရေးသမားများက လူနေရပ်ကွက်များကို ဝင်ရောက်စီးနင်းကာ တစ်အိမ်တက်တစ်အိမ်ဆင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အစိုးရကို ထောက်ခံတဲ့ မိသားစုများကို တန်းစီပြီး ပစ်သတ်ခြင်းမပြုမီ 'မိစ္ဆာဒိဌိ' တွေဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ အခင်းဖြစ်နေရာမှာ အသတ်မခံရတဲ့သူတွေကို မီးရှို့ခံခဲ့ရတဲ့ အဆောက်အဦထဲမှာ သော့ခတ်ပြီးပိတ်လှောင်ထားခဲ့ပါတယ်။ နှုတ်ပိတ်သတ်ဖြတ်ခံရမှာကို ကြောက်လို့ အမည်မဖော်လိုသူ ပြည်တွင်း သတင်းထောက်တဦးက သတ်ဖြတ်မှု အတိုင်းအတာကို အဲ့လောက်ပဲ ဖော်ပြခဲ့တာပါ။
အဲ့ဒိရက်စက်ကြမ်းကြုတ်မှုများထဲမှာ နိုင်ငံခြားတိုက်ခိုက်ရေးသမားများက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါတယ် ။ လူသားချင်း စာနာထောက်ထားမှု ဝန်ထမ်းတစ်ဦးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးနှင့် စကားပြောဆိုခဲ့ရာမှာ “တိုက်ခိုက်သူတွေကြားထဲမှာ ချေချင်း ၊ ဥဇဘက်နဲ့ မြောက်အာဖရိကအာရဗီ စကားပြောတာတွေကို သူကြားခဲ့ရတယ် ။ ဒါတွေက ဒေသခံ စစ်သွေးကြွတွေ မဟုတ်ဘူး၊ ဒါတွေက တင်သွင်းလာတဲ့ လူသတ်သမားတွေ၊ တခြားနေရာမှာ လေ့ကျင့်သင်ကြားလာပြီး ငါတို့ကို အဆုံးသတ်ဖို့ ဒီကို ပို့လိုက်တာ” လို့ ဆိုပါတယ်။
ဂျက်ဘလာမြို့ - လူ့အသိုင်းအဝိုင်းတစ်ခု စနစ်တကျ ဖျက်စီးခံရခြင်း
ဂျက်ဘလာက အကြမ်းဖက်မှုတွေက အထူးအဆိုးရွားဆုံးဖြစ်ပါတယ်။ ရာနှင့်ချီတဲ့ လူများကို ဝိုင်းပြီး ကွပ်မျက်ပြီး သင်္ချိုင်းတွင်းတစ်ခုမှာ အစုလိုက်အပြုံလိုက် စွန့်ပစ်ခဲ့ကြတာပါ။ အမျိုးသမီးနှင့် ကလေးငယ်များ ပြန်ပေးဆွဲခံရပြီဆိုရင်တော့သူတို့ရဲ့ ကံကြမ္မာက မသိရတော့ပါဘူး။ အသေသတ်တဲ့ ကိစ္စတွေက စစ်ဆေးမေးမြန်းမှုမရှိဘဲ လုပ်နေကြတာပါ။ အသတ်ခံရတဲ့ လူတွေကိုပစ်တဲ့ သေနတ်သံတွေက နာရီပေါင်းများစွာကြာအောင် ကြားနေရကြောင်း မျက်မြင်သက်သေများက ပြောပါတယ်။
"လူအားလုံးကို တန်းစီပြီး ခေါ်သွားကြတယ်” လို့ အသက်ရှင်ကျန်ရစ်သူတစ်ဦးက တုန်လှုပ်သောအသံဖြင့် ပြောပါတယ်။ “နောက်တော့ သူတို့အလောင်းတွေ တစ်နေရာတည်းမှာစုပုံထားလိုက်ကြတယ်။ သေနတ်ဒဏ်ရာပေါင်းများစွာနဲ့ပေါ့"။ ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးကတော့ သူမကိုဖမ်းဆီးခဲ့သူတွေအကြောင်းကိုပြောပါတယ်။ “သူတို့က နိုင်ငံခြားသားတွေပါ။ တချို့က အာရပ်တွေ ၊ တချို့က အာရပ်တွေ မဟုတ်ဘူး။ သူတို့မှာ ခံစားချက်မရှိသော မျက်လုံးများ နဲ့ပါ “ လို့ဆိုပါတယ်။
ယခု ဒုက္ခသည် စခန်းတွင် နေထိုင်သည့် နောက်ထပ် အသက်ရှင် ကျန်ရစ်သူ တဦးကလည်း “လူတွေက ငါတို့ အာဏာရဖို့ တိုက်ပွဲဝင်နေတယ် ဆိုပေမယ့် ငါတို့ မိသားစုတွေ အသတ်ခံရတာ မဖြစ်အောင် ငါတို့ ကြိုးစားနေတာပဲ။ ဘယ်သူမှ စစ်မတိုက်ချင်ကြဘူး။ ငါတို့ ရှင်သန်ချင်ခဲ့တာပဲ”လို့ပြောပါတယ်။
နယ်စည်းခြားမရှိတဲ့ ကွပ်မျက်သူများ
ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပိုလို့တောင် ကြောက်စရာကောင်းစေတာကတော့ နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေ ပါဝင်မှု ပါပဲ။ သက်သေများနှင့် အသက်ရှင်ကျန်ရစ်သူများသည် ကွပ်မျက်သူများ ကြားတွင် မတူညီသော ဘာသာစကားများကြားရပြီး တစ်ခါတစ်ရံ အနောက်တိုင်း ဘာသာစကားများကိုပင် ကြားရတယ်လို့ ဆိုကြပါတယ်။ “ဒါတွေက ဒေသခံ တိုက်ခိုက်ရေးသမားတွေ မဟုတ်ပါဘူး” ဟု ဒမတ်စကတ်တွင် ခိုလှုံနေသည့် ရွှေ့ပြောင်းနေထိုင်သူတဦးက ပြောသည်။
ပြည်ပ ဂျီဟတ်ဝါဒီများ၏ ပါဝင်ပတ်သက်မှုသည် စစ်ပွဲကို တိုက်ခိုက်ရန်သာမက လူမှုအသိုင်းအဝိုင်းများကို စနစ်တကျ ဖျက်ပစ်ရန် ဒီဇိုင်းထုတ်ထားတာလို့ သုံးသပ်ရပါတယ်။ ကောင်းစွာ ညှိနှိုင်းပြီး ပြင်ပမှ ပံ့ပိုးပေးသည့် စစ်ဆင်ရေးကို လုပ်တာလို့ အကြံပြုထားပါတယ်။ ထောက်လှမ်းရေးသတင်းရင်းမြစ်များက ဖော်ပြသည်မှာ အဆိုပါ တိုက်ခိုက်ရေးသမားများသည် အရပ်သားများကို သတ်ဖြတ်ခြင်းမပြုမီ အိမ်နီးချင်းနိုင်ငံများမှ စခန်းများတွင် လေ့ကျင့်သင်ကြားကာ ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။
တစ်ကမ္ဘာလုံး ပါးစပ်ပိတ်နေကြပါတယ်
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများစွာရှိသော်လည်း အနောက်နိုင်ငံနှင့် ဒေသတွင်းမီဒီယာများက HTS နှင့် အစိုးရတပ်ဖွဲ့များကြား အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းမှုအား တမင်တကာ ရှောင်လွှဲ နေကြပါတယ်။ အမည်မဖော်လိုသူ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ဤပုံဖျက်ခြင်းကို ရှုတ်ချခဲ့ပါတယ်။
တစ်ချိန်က အတိုက်အခံ အင်အားစုများကို ကျောထောက်နောက်ခံပြုထားသော အနောက်နိုင်ငံ အစိုးရများက ယခုအခါ ၎င်းတို့ လွတ်မြောက်အောင် ကူညီပေးနေလို့ သူတို့တွေ လုပ်ခဲ့တဲ့ အိပ်မက်ဆိုးတွေကို အသိအမှတ် ပြုရန် တွန့်ဆုတ်နေပါတယ်။ အဲ့ဒိနှာစေးနေခြင်းက ၎င်းတို့က အဲ့ဒိ ရာဇဝတ်မှုတွေကို ဆက်လက်လုပ်ဆောင်စေ ခိုင်းနေတာနဲ့ တူနေပြီး ရက်စက်ယုတ်မာမှုများမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂကလည်း ကြီးမားသော အနှောင့်အယှက်နဲ့ ကြုံနေရပြီး စိုးရိမ်မကင်းသော ထုတ်ပြန်ချက်များကို မကမ်းလှမ်းနိုင်သလို အဓိပ္ပာယ်ရှိတဲ့ အရေးယူဆောင်ရွက်ခြင်း မရှိ ပါဘူး။ ပြစ်မှုကျူးလွန်သူများက သူတို့အား မည်သူမျှ တာဝန်ခံပြီး အရေးယူမှာ မဟုတ်လို့ ရဲရင့်စွာ လွတ်မြောက်နေကြပါတယ်။
Latakia၊ Tartus နှင့် Jableh လာတာကီးယား ၊ တာတပ် နဲ့ ဂျက်ဘလာ ဒေသအတွင်းမှာ ရှိတဲ့ လူမျိုးများ အတွက် သတင်းစကားကတော့ ရှင်းရှင်းလင်းလင်း ပါပဲ။ မည်သည့် အကူအညီမှလာမည် မဟုတ်ပါ။ ကမ္ဘာကြီးက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းက မှတ်ထားပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နှုတ်ဆိတ်နေခြင်းကို တစ်ချိန်မှာ အဆိုးရွားဆုံးသော စွဲချက် ဖြစ်လာလိမ့်မှာပဲ ဖြစ်ပါတယ်။
REF : RT
မောင်ယဿ ဘာသာပြန်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment