တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးအပ်

016

နေပြည်တော်၊ မတ် ၁၉

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ် မရောက်သေးသူကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ အသက်မပြည့်စစ်သည် ၉၃ ဦး စစ်ဆေး တွေ့ရှိခဲ့ပြီး အဆိုပါစစ်သည်များအား  ၎င်းတို့၏ မိဘများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရေးချုပ်ရုံး၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရဲရင့်ဝင်းနှင့် တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဉပဒေရေးရာဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော UNRCO၊ UNICEF ၊ UNHCR ၊ ILO တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြန်လည်နုတ်ထွက်ခွင့်ရအသက်မပြည့် စစ်သည် ၉၃ ဦးနှင့် ၎င်းတို့၏ မိဘများ၊ အုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ ဉက္ကဋ္ဌ ကိုယ်စား   ဗိုလ်မှူးချုပ် ရဲရင့်ဝင်း က အမှာစကားပြောကြာသည်။ ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် ၁၀ နှစ် မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီး ကလေးများအား မိဘ(သို့မဟုတ်) အုပ်ထိန်းသူတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ကလေးများနှင့် မိဘများကို မြန်မာနိုင်ငံစောင့်ကြည့် လေ့လာရေးနှင့်အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစုစောင့်ရှောက် ရေးစခန်းသို့တပ်မတော်မှပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့်အဆက်အသွယ်    မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ် မှု ရှိ/မရှိ စစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒ ရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူ ရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်သည်။

အလားတူ မိဘများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် မြဝတီစာပေတိုက်ခန်းမတို့၌ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အခမ်းအနားဖြင့် ၁၈ ကြိမ်၊ တပ်မတော်အစီအစဉ်ဖြင့် ၄ ကြိမ်၊ ပေါင်း ၂၂ ကြိမ် ရှိခဲ့ရာ စုစုပေါင်း ၁၁၅၀ ဦး လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ၁၈ လတာ လုပ်ငန်းစီမံချက်ကို UNCTFMR နှင့် လက်မှတ်ရေးထိုးအကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး လုပ်ငန်းစီမံချက်သက်တမ်းအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမအကြိမ် ၆ လ၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် ၆ လ သက်တမ်းတိုးမြှင့် လုပ်ဆောင်ခဲ့သည်။

တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်များ  တပ်မတော်အတွင်း၌ လုံးဝမကျန်ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထို့ပြင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့်အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများရှိပါကလည်းအမြန်ဆုံး  ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages