မန္တလေး , မတ် ၂၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က အမှာစကား ပြာကြားပြီး သင်တန်းနည်းပြ ဆရာဦးဖိုးချစ်က သင်တန်းသား၊ သင်တန်းသူများ ရေးဆွဲထားကြသော ပန်ချီများအား အကဲဖြတ်ထားပုံကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိက သင်တန်းသား၊ သင်တန်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးပြုကြစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယခုကဲ့သို့ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment