မိုးနဲ , မတ် ၁၂
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များနှင့်စပ်လျဉ်း၍ ပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက မိုးနဲမြို့နယ် မြို့နယ်ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမနေရာ၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုပညာပေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာများကို ပညာပေးဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်က မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ သနပ်ခါး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါကြောင်းနှင့် မြန်မာ့ သနပ်ခါးသည် ကမ္ဘာတွင် ထူးခြားသည့်ဓလေ့တစ်ခုဖြစ်ကြောင်းတို့ကို ပညာပေးဟောပြောပြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများက ကိုယ်တိုင်သနပ်ခါးသွေး၍ တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာလိမ်းခြယ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment