မတ် - ၁၄ ( သောကြာနေ့ )
ဗုဒ္ဓဟူးနေ့က အာဂျင်တီးနား လွှတ်တော်ရှေ့မှာ ဆန္ဒပြနေတဲ့ အငြိမ်းစားပင်စင်စားတွေကို ရဲတွေက ရာဘာကျည်ဆံ သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြမှုကို ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
ပင်စင်လစာနဲ့ လူနေထိုင်မှုစရိတ်မမျှမတဖြစ်နေလို့ ပင်စင်စားသက်ကြီးပိုင်းတွေက အပတ်စဉ် လွှတ်တော်ရှေ့မှာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ သက်ကြီးရွယ်အိုများအား မျက်ရည်ယိုဗုံးများ အသုံးပြုခြင်း အပါအဝင် ယခင်ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သော်လည်း ဗုဒ္ဓဟူးနေ့က ဆန္ဒပြမှုကတော့ အကြီးမားဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ကြောင်း လေ့လာသူများထံမှ သိရပါတယ်။
မြို့တော် ဗျူနိုအေရီ က လွှတ်တော်အပြင်ဖက်မှာ သက်ကြီးပိုင်းတွေ ဆန္ဒပြနေစဉ်မှာ အကြမ်းဖက် ဆန္ဒပြသမားတွေ ရောက်လာပြီး ရဲတပ်ဖွဲ့တွေကို ကျောက်ခဲဖြင့်ပစ်ခတ်ခြင်း၊ တွေ့သမျှအရာတွေကို ရိုက်ချိုးဖျက်ဆီးခြင်းများပြုလုပ်နေလို့ နောက်ဆုံးမှာ ရဲတွေက ရာဘာကျည်တွေကိုသုံးပြီး သေနတ်နဲ့ ပစ်ခတ် ခဲ့ကြပါတယ်။
ဆန္ဒပြပွဲအစမှာ ငြိမ်းချမ်းစွာ စတင်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူတွေကို ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများ နဲ့ ဖြိုခွင်းသဖြင့် အကြမ်းဖက်လိုသူတွေက ကျောက်ခဲတွေနဲ့ တုန့်ပြန်ပစ်ခတ်မှုတွေ လုပ်လာလို့ ရဲတွေက ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်နှိမ်နင်းမှုတွေလုပ်ခဲ့ကြပါတယ်။ ပြင်းထန်တဲ့ ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကွန်ဂရက်လွှတ်တော် နန်းတော်တစ်ဝိုက်မှာ မျက်ရည်ယိုဗုံးများမှ အငွေ့များ ထူထပ်စွာ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ပရမ်းပတာဖြစ်ပျက်မှုတွေ ကြားမှာ ရဲကားတစ်စီး မီးလောင်ခဲ့ပြီး မြို့အနှံ့ အမှိုက်ပုံးများ မီးလောင်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် ရဲတပ်ဖွဲ့ဝင်များက ဦးခေါင်းဒဏ်ရာရရှိနေသည့် အသက် ၈၇ နှစ်အရွယ် အဘွားအိုတစ်ဦး အပြေးအလွှား ပြေးနေတဲ့ ဗီဒီယိုများအပါအဝင် ဆန္ဒပြသူများကို ရဲများက ရိုက်နှက် ဆွဲခေါ်နေသည်ကို ပြသခဲ့ပါတယ်။ အချို့သော အကြမ်းဖက်ဆန္ဒပြသမားများက အရာရှိများကို တုတ်များ၊ သံဘူးများဖြင့် ပစ်ပေါက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့် ဖြန့်ကျက်ချထားပြီး ဆန္ဒပြပွဲအား နှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များ အင်အားသုံး လှုပ်ရှားခဲ့ပါတယ်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုများအတွင်း အနည်းဆုံး ဆန္ဒပြသူ ၂၀၀ ခန့် ဒဏ်ရာရ၊ ၂၀ ဦး ဆေးရုံတင်ထားရပြီး ၁၀၀ ကျော် ထိန်းသိမ်းထားကြောင်း ဗျူနိုအေရီသံတော်ဆင့် သတင်းအရ သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment