ကျောက်ပန်းတောင်း၊ မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းသို့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်က သောက်သုံးရေ ဂါလန် ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ်၊ နွေဦးရာသီကာလ သောက်သုံးရေ ခက်ခဲမှုရှိနေသည့် ဘူတာရပ်ကွက်ရှိ ရွှေတောင်ဦး ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းနေသံဃာများနှင့် သာမဏေများ သောက်သုံးရေ ခက်ခဲမှု မရှိစေရေး အတွက် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နေအောင်
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment