ပုံပါကျင်၊ မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၀)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်မှ နှင်းအပ်သည့် တာဝန်ကျေပွန်ခဲ့ပုံ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်ပေးနေမှု၊ တပ်မတော်၏ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ တပ်မတော်၏ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်၊ ချစ်ညီစစ်သည်သို့ ကဗျာခေါင်းစဉ်များအကြောင်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အိအိဖြိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment