ဇလွန်၊ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၆၆ ကေဗွီ (ဟင်္သာတ - ရေကြည်)- ဇလွန် ဓာတ်အားလိုင်းတည်ဆောက်ခြင်းကြောင့် ပျက်စီးသွားသောသီးနှံပင်များအတွက် တောင်သူများထံသို့ နစ်နာကြေး / လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ၆၆ ကေဗွီ(ဟင်္သာတ - ရေကြည်) - ဇလွန်ဓာတ်အားလိုင်းတည်ဆောက်ခြင်းကြောင့် ပျက်စီးသွားသော သီးနှံပင်များအတွက် တောင်သူများသို့ နစ်နာကြေး/လျော်ကြေးငွေပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက အရှုပ်ကွင်းကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်စျေးရပ်ကွက်၊ စွံပိကျေးရွာအုပ်စု၊ ကတော့ကရက်ကျေးရွာအုပ်စု၊ ပျဥ်းမကုန်းအနောက်ကျေးရွာအုပ်စု၊ အင်းတရော်ကျေးရွာအုပ်စုတို့မှ တောင်သူ (၁၁၆) ဦးအတွက် နစ်နာကြေး/လျော်ကြေးငွေ ကျပ်သိန်း (၄၉၇၅၁၂၄၄ )ကို တောင်သူများထံပေးအပ်ခဲ့ကြသည်။
ဝေယံ
ဇလွန်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment