နေပြည်တော်၊ မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ မတ်လ ၁၃ ရက်နေ့က စက်သုံးဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား ၃ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ထန်းတောကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ ထန်းတောကြီးကျေးရွာလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘုရားကြီးမြို့ဘက်မှ ဇောင်းတူကျေးရွာဘက်သို့ တိုက်ကြီးကျေးရွာနေသူများ ဖြစ်ကြသည့် ဇော်မင်း(၄၅)နှစ်မောင်းနှင်ပြီး နေလင်းစိုး(၃၂)နှစ်နှင့် ကျော်စိုး(ခ)ကျော်ကြီး(၄၅)နှစ် လိုက်ပါလာသည့် BGO-11 6B/xxxx NISSAN UD DIESEL မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလပ်စတစ်ပုံးများဖြင့်ထည့်ထားသည့် ဓာတ်ဆီ၂၆၀ ဂါလံ၊ တစ်ဂါလံလျှင် ၁၄,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုငွေ ၃,၆၄၀,၀၀၀ ကျပ်တို့အား စစ်ဆေးတွေ့ရှိရသဖြင့် မေးမြန်းရာ အဆိုပါစက်သုံးဆီများမှာ ကျော်စိုး(ခ)ကျော်ကြီး၏ ဓာတ်ဆီများဖြစ်ကြောင်း သိရှိရသဖြင့် ကျော်စိုး(ခ) ကျော်ကြီးတို့ ၃ ဦးအား ထန်းတောကြီးနယ်မြေရဲစခန်း (ပ)၁၂/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment