ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းပညာရေးမှူးတို့ ကြို့ပင်ကောက်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းပညာရေးမှူးတို့ ကြို့ပင်ကောက်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေး

029

030

031


ကြို့ပင်ကောက်၊ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများအား ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းပညာရေးမှူး ဒေါက်တာ ချစ်ကိုကိုတို့သည် မတ် ၁၉ ရက်နေ့ နံနက် ၁၀ နာရီက အဖွဲ့ဝင်များလိုက်ပါလျက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းပညာရေးမှူးတို့သည် သာယာဝတီခရိုင် ပညာရေးမှူး ဦးသန်းဆွေဦး ကြို့ပင်ကောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျ မြို့နယ်ပညာရေးမှူး ဦးစိုးမင်းအောင်တို့နှင့်အတူ အ.ထ.က (ကြို့ပင်ကောက်) စာစစ်ဌာနနှင့် အ.ထ.က (ဘုရင့်နောင်) စာစစ်ဌာနတို့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကိုကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ၊ ဆရာမများအား တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 ကြို့ပင်ကောက် မြို့နယ်တွင် အ-ထ-က အ.ထ.က (ကြို့ပင်ကောက်)၊ အ.ထ.က (ပန်းတင်)၊ အ.ထ.က (ဘုရင့်နောင်) နှင့် အ.ထ.က (လယ်တီ) စာစစ်ဌာနလေးခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပလျက်ရှိပြီး ယနေ့ရူပဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် ၅၇၃ ဦး စာရင်းပးသွင်းထားပြီး ကျောင်းသား၊ ကျောင်းသူ (၅၄၉) ဦး ဝင်ရောက်ဖြဆိုခဲ့ရာ ၉၅ ဒသမ ၈၁ ရာခိုင်နှုန်း ဝင်ရောက်ဖြဆိုခဲ့ကြောင်း သမိုင်းဘာသာရပ်အား စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြဆိုရန် ကျောင်းသား၊ ကျောင်းသူ (၃၈) ဦး စာရင်းပးသွင်းထားပြီး ကျောင်းသားကျောင်းသူ (၃၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၉၂ ဒသမ ၁၁ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဇေယျာထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages