ပြည်သူများသို့ ဗိုလ်ချုပ်မှူးကြီး ၏ မေတ္တာစကား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်သူများသို့ ဗိုလ်ချုပ်မှူးကြီး ၏ မေတ္တာစကား

002


နေပြည်တော်၊ မတ် ၉

ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို နိုင်ငံတော်အဆင့်ခရီးစဉ်သွားရောက်ခဲ့တဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံလုံးနဲ့ နယ်ပယ်ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။

ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နဲ့ ဘီလာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုတို့ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် အင်မတန်ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

"သွားတဲ့ ခရီးစဉ် နှစ်နိုင်ငံစလုံးမှာပဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့တယ်။

 အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စရပ်တွေမှာ နှစ်နိုင်ငံ အပြန်အလှန် ကူးလူးသွားလာရေး တိုးချဲ့ဖိုအတွက် အထူးသဖြင့် ခရီးသွားကဏ္ဍတွေ တိုးချဲ့ဆောင်ရွက်ရေး ၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ နယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို ရှင်းပြတယ်။ နှစ်နိုင်ငံစလုံးက ဒါကို လက်ခံပါတယ်" လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာတွေကို ပြောပါတယ်။

ခရီးစဉ်အတွင်း ရွေးကောက်ပွဲလုပ်မယ့် အခြေအနေတွေကို ရှင်းပြခဲ့ပြီး နှစ်နိုင်ငံစလုံးက အားပေးထောက်ခံတဲ့ အကြောင်း၊ ကိုယ်စားလှယ်စေလွှတ်ပြီးတော့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့တာရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နှစ်ဦးနှစ်ဖက် တွေ့ဆုံတဲ့အတွက် ယုံကြည်မှုတွေ အများကြီးရရှိခဲ့ပြီး ရုရှားကပြည်သူရော ဘီလာရုစ်ကပြည်သူတွေရော မြန်မာနိုင်ငံပေါ်မှာ စိတ်ဝင်စားမှုရှိတာ တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

" ဒါ ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက်လည်း ကောင်းတဲ့လက္ခဏာတစ်ခုပေါ့။ နောက်တစ်ခုကလည်း ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုတာ ပြောခဲ့တာရှိတယ်။ ဒါလည်း ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံ ဒီမိုကရေစီစနစ်ကို တကယ်လိုချင်လိုရင် ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲဒါသာလုပ်ရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရပါမယ်။ ကျွန်တော် ဒါပြောရဲပါတယ်။ ဒါကျွန်တော်ရဲ့ သဘောထားကို ပြည်သူတွေကို ပြောပါရစေ " လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဆက်လက်ပြီး မြန်မာပြည်သူ ပြည်သားအားလုံးလည်း အစစအရာရာ တိုးတက်အောင်မြင်ပါစေကြောင်း၊ ဆုမွန် ကောင်းတောင်းပါကြောင်းနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုရင် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၃ ရက်ကနေ ၉ ရက်အထိ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့တာဖြစ်ပြီး မတ်လ ၉ ရက် ညနေပိုင်းက နေပြည်တော်တပ်မတော်လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages