မတ် - ၂၂ ( စနေနေ့ )
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဗျာဘော့ ကို ဒမတ်စကတ်တွင် တွေ့ဆုံစဉ်အတွင်း ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာ က လက်ဆွဲနှုတ်ဆက်ခြင်းကို ငြင်းဆန်လိုက်ပါတယ်။ ကြာသပတေးနေ့ ဆွေးနွေးပွဲမှ ဗီဒီယိုတစ်ခုတွင် အယ်လ်ရှာရာ က ဂျာမန်အထူးဧည့်သည်တော် အမျိုးသမီးကို ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ပြီး သူမရဲ့ထိုင်ခုံကို လက်ဖြင့် ညွှန်ပြခဲ့ပါတယ်။
ဇန်နဝါရီလအစောပိုင်းကလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုဝယ်ဘာရော့ နှင့်အတူ ဗျာဘော့ တို့ ပထမဆုံးအနေနဲ့ ဆီးရီးယားမြို့တော်သို့ လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာလည်း အလားတူ အဆင်မပြေသည့် မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒိတုန်းကလည်း အယ်လ်ရှာရာက ဘာရော့ နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပေမဲ့ ဗျာဘော့ကိုတော့ လက်ဆွဲမနှုတ်ဆက်ဘဲ သူ့ရဲ့လက်ကို ရင်ဘတ်ပေါ်တင်ထားခဲ့ပါတယ်။
ဗျာဘော့ကတော့ ဆီးရီးယားခေါင်းဆောင်သစ်၏ အပြုအမူက သူမကို လုံးဝအံ့အားသင့်စေခြင်းမရှိကြောင်း မှတ်ချက်ချခဲ့ပြီး "ကျမ အဲ့ဒီကိုသွားလည်တဲ့အခါ သာမန်လက်ဆွဲနှုတ်ဆက်တာမျိုးတော့ ရမှာမဟုတ်ဘူးဆိုတာ သိပါတယ်" လို့ ဆိုပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းတွင် ယာယီသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသော အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လ်ရှာရာ က သဘောထားတင်းမာသော အစ္စလာမ္မစ်အမြင်များကြောင့် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုထားတဲ့အတွက် နာမည်ကြီးပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment