ချမ်းအေးသာစံ၊ မတ် ၂၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ ညနေပိုင်းက ရမ်ဇာန်လမြတ်ကာလတွင် ဥပုသ်ဆောက်တည်နေသော ပန်းသေးဗလီရှိအစ္စလာမ်ဘာသာဝင် ဥပုသ်သည်များအတွက် အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀၊ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီသို့ရောက်ရှိရာ ဗလီဂေါပက္ကဋ္ဌအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင် ဥပုသ်သည်များ၏ ဥပုသ်ဆောက်တည်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဥပုသ်ဆောက်တည်ပြီး ဥပုသ်ဖြည်နေသော အစ္စလာမ်ဘာသာဝင် ဥပုသ်သည်များအား အာဟာရဖြည့်စွက်စာများကို တစ်ဦးချင်း လိုက်လံပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဥပုသ်သည်များ အတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment