မလှိုင်မြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မလှိုင်မြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

053


မလှိုင်၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က အ.ထ.က (မြို့သစ်) ကျောင်းတွင် စွမ်းရည်မြင့်မွမ်းမံသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သင်တန်းတက်ရောက်နေ့သည့် ဆရာ၊ ဆရာမများအား ဖြန့်ဝေပေးခဲ့ရာ၊ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀) ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း (၁၂) ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်၊ နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်၊ ချစ်ညီစစ်သည်တို့ စသည်တို့ ပါဝင်ပြီး၊ ထိုသတင်းစကားလက်ကမ်းစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) က စောင်ရေ (၁) သိန်း အခမဲ့ထုတ်ဝေပေးထားကြောင်း သိရသည်။


မြို့နယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages