လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

3

4



ရန်ကုန် , မတ်လ ၁၈


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာမြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊ စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအတွက် ရှေ့လုပ်ငန်းစဉ်မူဘောင်အရ နှစ်စဉ်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ လူ့အခွင့်အရေးအသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။


အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား​ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံအယူအဆအကြောင်းနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများအကြောင်းတို့ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကြက်ခြေနီလုပ်ငန်းနှင့် လူ့အခွင့်အရေးဆက်နွှယ်မှုကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲကြရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ရှင်းလင်းဆွေးနွေးပွဲကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အောင်မြင့် 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages