နေပြည်တော်၊ မတ် ၂၂
“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Oppor-tunities in the Multipolar World) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ယမန်နေ့က စ၍ ကျင်းပလျက်ရှိရာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို က "၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို ကျွန်တော်တို့ကျင်းပရတဲ့ ရည်ရွယ်ချက်က လာမယ့် ၂၀၂၅ ခုနှစ်အလွန်မှာ ပြောင်းလဲလာမယ့် မြန်မာ့နိုင်ငံရေးစနစ်နဲ့အတူ အဲဒီအချိန်မှာရှိနေမယ့် အုပ်ချုပ်မှုပုံစံနဲ့ အဲဒီအချိန် ကမ္ဘာကြီးမှာ ပြောင်းလဲနေတဲ့ ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းကြားမှာ ကျွန်တော်တို့ ဘယ်လို အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ကြမလဲဆိုတာကို ကြိုပြီးသိရှိနိုင်အောင် ကျင်းပခြင်းဖြစ်ပါတယ်။" ဟု ပြောသည်။
ဦးကိုကို က |အဲဒီအခြေအနေမှာ ဘယ်အရာတွေက စိန်ခေါ်မှု တွေဖြစ်မလဲ၊ ဘယ်အရာတွေက အခွင့်အလမ်းတွေ ဖြစ်မလဲဆိုတာကို ပုံဖော်ကြည့်တဲ့အခမ်းအနားပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသား တွေကိုချစ်တဲ့ ပြည်ပနိုင်ငံအသီးသီးက နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တွေကို ဖိတ်ကြားဆွေးနွေးရခြင်းဖြစ်ပါတယ်။ ဒါက နိုင်ငံအတွက် အစီအစဉ်တစ်ခုကနေ လိုအပ်တာတွေ ယူသုံးဖို့အတွက် ပက်ကေ့ချ်တစ်ခုပေးတဲ့ သဘောပဲဖြစ်ပါတယ်။ ပြောရရင် ၂၀၂၅ ခုနှစ် အလွန်ကာလဆိုတာ ဒီကနေ့အခမ်းအနားမှာတင် နိုင်ငံတော်အကြီးအကဲက အတိအလင်း တရားဝင်ထပ်လောင်းပြောကြားသွားတာရှိတယ်။ အဲဒါက အစိုးရသစ်တစ်ရပ်ကို ရွေးကောက်ပွဲကျင်းပပြီး ကျွန်တော်တို့ အပြောင်းအလဲကို ကြုံကြဖို့ရှိတယ်။ အဲဒီအခြေအနေမှာ စိန်ခေါ်မှု တွေက အသစ်တွေဆိုတာထက် လက်ရှိစိန်ခေါ်မှုတွေ ဆက်ပါလာဖို့လည်း ရှိနိုင်တယ်။ ဥပမာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလို ရှေ့ဆက်သွားရမယ့် လုပ်ငန်းတွေလိုမျိုးနဲ့ ဆန်ရှင်လို ကိစ္စရပ်တွေပေါ့။ ဒါကတော့ ရှိနေနိုင်ဦးမလား၊ ဘယ်လိုဖြေလျှော့မလဲ၊ ဒီလိုစိန်ခေါ်မှုတွေ ဆက်ရှိနေနိုင်ပါတယ်။" ဟု ဆိုသည်။
အမေရိကန်သမ္မတ အပြောင်းအလဲနှင့် ပတ်သက်၍ ဦးကိုကို က "နောက်တစ်ခုက အမေရိကန်မှာ ထရမ့်က သမ္မတဖြစ်လာတယ်။ ကျွန်တော်တို့ကတော့ ထရမ့်ပစ်ဇင် လို့ ခေါ်ကြတယ်။ ထရမ့်ပစ်ဇင်က အားလုံးသိတဲ့အတိုင်း အပြောင်းအလဲတွေ သိပ်များလွန်းတော့ ကမ္ဘာ့အခင်းအကျင်းဖြစ်တဲ့ ဗဟုဝင်ရိုးကမ္ဘာဖြစ်စဉ် ကို ပိုမိုမြန်ဆန်လာစေမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ၂၀၂၅ ခုနှစ် အလွန်မှာ ကမ္ဘာက အခင်းအကျင်းသစ်၊ မြန်မာနိုင်ငံကလည်း နိုင်ငံရေးအခင်းအကျင်းသစ်ဆိုတော့ ကျွန်တော်တို့ကြုံရမယ့် စိန်ခေါ်မှုက အသစ်တွေကို ကြုံရမယ့်စိန်ခေါ်မှုပဲ ဖြစ်ပါလိမ့်မယ်။" ဟု ရှင်းလင်းပြောဆိုသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment