မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

213


မော်လမြိုင်၊ မတ် ၂၇

မွန်ပြည်နယ်တွင် အများပြည်သူများအားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုကျင်းပပြုလုပ်တဲ့ (၁၀)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် မွန်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်၊ ဘောလုံးအားကစားနည်းကို လူအများစိတ်ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ် အမျိုးသားဘောလုံး အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ် အမျိုးသားဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်စတဲ့ ရည်ရွယ်ချက်ကောင်းတွေ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ရေတိုမဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သဖြင့် လူငယ်မျိုးဆက်သစ်များရှိရာ အခြေခံပညာကျောင်းများမှာ ကျောင်းနေအရွယ် ကျောင်းသား/သူ၊ လူငယ်များစိတ်ပါဝင်စားစွာ ပညာသင်ကြားနိုင်ရေးနှင့် အားကစားကို လေ့လာလိုက်စားနိုင်ရေး အတွက် လိုအပ်သည်များလည်း ပံ့ပိုးစီမံပေးရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် ချောင်းဆုံမြို့နယ်ဘောလုံးအသင်းနှင့် ပေါင်မြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ  (၁၀)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages