ဇေယျာသီရိ , မတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ တပ်မတော်ဖွဲစည်းထူထောင်ခဲ့ပုံအဆင့်ဆင့်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ဝတ္တု၊ မဂ္ဂဇင်းများကို ဟောပြောပွဲသို့ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ပြီး မိမိတို့ ဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment