"မရှိ၍မလင်းသူ မရှိစေရ" အစီအစဉ်ဖြင့် မျက်စိဝေဒနာခံစားနေရသူ ငါးထောင်ကျော် ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

"မရှိ၍မလင်းသူ မရှိစေရ" အစီအစဉ်ဖြင့် မျက်စိဝေဒနာခံစားနေရသူ ငါးထောင်ကျော် ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ

146

147

148

149

150

ရန်ကုန်၊ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး  မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် "မရှိ၍မလင်းသူ မရှိစေရ" အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်းရှာဖွေဖော်ထုတ်၍ ကုသမှုပေးခဲ့ရာ (၅-၃-၂၀၂၅)ရက်အထိ  မျက်စိစမ်းသပ်စစ်ဆေးမှုပေးခဲ့သူ စုစုပေါင်း (၄၉၉၁)ဦး၊ မျက်မှန် အခမဲ့တပ်ဆင်ပေးခဲ့သူ (၁၈၈၆) ဦးနှင့်  လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်ဆေးရုံကြီး ၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးတို့တွင် မျက်စိခွဲစိတ်ကုသမှုပေးခဲ့သူ လူနာစုစုပေါင်း (၇၃၆) ဦး တို့အား ရှာဖွေဖော်ထုတ် ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ "မရှိ၍မလင်းသူ မရှိစေရ" အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တာဝန်ယူပြီး နောက်ပိုင်း ဆောင်ရွက်သည့် အစီအစဉ်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages