နတ်တလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြသည့် ကျောင်းသား/သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး နေ့စဉ်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

နတ်တလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြသည့် ကျောင်းသား/သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး နေ့စဉ်ဆောင်ရွက်

 

7

6

နတ်တလင်း , မတ် ၂၀


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုနေကြသည့် ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် နတ်တလင်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို၊ ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ လမ်းသွား၊ လမ်းလာ မော်တော်ဆိုင်ကယ်များ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ယာဉ်လမ်းကြောင်းပိတ်ဆို့မှု မဖြစ်ပွားစေရေးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်း ဒုရဲအုပ် သိန်းလတ်ထံမှ သိရသည်။

နတ်တလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၂)ခုတွင် ကျောင်းသား/သူများက စတုတ္တနေ့ ဓာတုဗေဒ ဘာသာရပ်နှင့်ပထဝီဘာသာရပ်ကို ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages