ရေကြည်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆန်စက်များ သို‌လှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရေကြည်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆန်စက်များ သို‌လှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေး

CamScanner%2021-03-2025%2010.52

ရေကြည် ,  မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆန်စက်များသို‌လှောင်ရုံများသို့ ကွင်းဆင်း စစ်ဆေးခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယမန်နေ့ နံနက် (၉) နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိဆန်စက်များ သို‌လှောင်ရုံများသို့ သွားရောက်ကာ မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မီးသတိရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ၊ မီးပလပ်/ခလုတ်အား  ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ် တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေပုံးများ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့်  မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက်အရေးပေါ် ထွက်ပေါက်များထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန် ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages