ရေဖြူမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရေဖြူမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

143

နေပြည်တော်၊ မတ် ၂၀

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီး ပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇီးကျကျေးရွာရှိ တိုးဂိတ်အနီး ရာဘာခြံအတွင်းသို့ စိန်ပြောင်းဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရာဘာခြံ ၌ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည့် ဇီးကျကျေးရွာနေ ဦးသိန်းဇော်(၄၄)နှစ်နှင့် ကိုသက်တင်ဦး (၂၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages