ထိုင်း- မြန်မာနယ်စပ်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကနေ ကတ်ရှ်မီးယားက လူငယ် ၁၂ ဦး ကယ်တင်ခံရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ထိုင်း- မြန်မာနယ်စပ်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကနေ ကတ်ရှ်မီးယားက လူငယ် ၁၂ ဦး ကယ်တင်ခံရ

090

091

မတ်- ၁၈ ( အင်္ဂါနေ့ ) 

မြန်မာ- ထိုင်း နယ်စပ် ဆိုက်ဘာလိမ်လည်မှုအဖွဲ့တစ်ခုမှ လူကုန်ကူးခံရသည့် ထောင်ပေါင်းများစွာသော လူငယ်များထဲမှ ဆိုက်ဘာလိမ်လည်မှုအဖွဲ့၏ သားကောင်ဖြစ်ခဲ့သည့် ကတ်ရှ်မီးယားလူငယ် တစ်ဒါဇင်ကျော် ကို အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့ က ကယ်တင်နိုင်ခဲ့ပြီး အဆိုပါ လူငယ်များကို နေရပ်ပြန်ပို့ကာ နောက်ပိုင်းတွင် ဂျမ်မူး နဲ့ ကတ်ရှ်မီးယားရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ တယ်လို့ သတင်းရပါတယ်။ 

အိန္ဒိယနိုင်ငံတစ်ဝှမ်း အလုပ်လက်မဲ့လူငယ်များသည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏သွေးဆောင်မှုကို ခံရကာ လိမ်လည်မှု၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာဆိုဒ်များတွင် အလုပ်ခေါ်လင့်ခ်များကို အများအားဖြင့် လိမ်လည်သူများမှ လွှင့်တင်ကြပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးတွင် အလုပ်အကိုင်များကို ကမ်းလှမ်းခဲ့ကြပါတယ်။ အဲ့ဒိဆိုဒ်တွေက အလုပ်လုပ်လိုသူတွေကို  နိုင်ငံခြားတိုင်းပြည်များသို့ မခေါ်မီ သင့်လျော်သော စာမေးပွဲများနှင့် အင်တာဗျူးများ ပြုလုပ်ပေးပါတယ်။ ရွေးချယ်ခံရတဲ့ လူငယ်အချို့ကို လေယာဉ်လက်မှတ်များ ပေးခဲ့ပြီး အချို့ကိုကိုယ်တိုင် လာရောက်ရန် ဖိတ်ခေါ်ခဲ့ပါတယ်။ 

“ကက်ရှ်မီးယားတောင်ကြားက အလုပ်လက်မဲ့လူငယ်တွေဟာ အမျိုးမျိုးသော ဝက်ဘ်ဆိုဒ်တွေမှာ အလုပ်ရှာနေကြပြီး မိန်းကလေးတွေ အပါအဝင် အွန်လိုင်းမှာ အလုပ်အကိုင်ရှာဖို့ ကြိုးစားနေကြတဲ့ လူငယ် ၁၃ ဦးမှာ အထူးအားဖြင့် Facebook မှာ ဒီအလုပ်တွေအကြောင်း သိလာကြပြီး အဲဒီလင့်ခ်တွေကို နှိပ်ပြီး လိမ်လည်ခံလိုက်ရတာပါ။ အထူးသဖြင့် အိန္ဒိယ နိုင်ငံသားတွေကို ကမ္ဘာတစ်ဝှမ်းက လိမ်လည်လှည့်ဖြားမှုလိုမျိုး တရားမဝင် ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ အတင်းအကြပ် ခိုင်းစေခံခဲ့ရပေမယ့်၊ အိန္ဒိယအေဂျင်စီတွေရဲ့ အချိန်မီ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ကယ်ဆယ်ခံခဲ့ရတဲ့ အခြားအိန္ဒိယလူငယ်တွေနဲ့ အတူ ကတ်ရှ်မီးယားက လူငယ်တွေ ပါလာတာပဲ ဖြစ်ပါတယ်လို့ ထောက်လှမ်းရေး အဖွဲ့ ကပြောသွားပါတယ်။ 


REF : Wionews

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages