ရွှေသောင်ယံ၊ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်(၉)နာရီခွဲအချိန်က ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနသို့ရောက်ရှိ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားမှုများအား လိုက်လံကြည့်ရှုကာ စာစစ်ဌာနကြီးကြပ်ရေးအဖွဲ့များ၊ အခန်းစောင့်မည့် ဆရာ၊ ဆရာမများ၊ ကျောင်းတာဝန်ခံများ၊ အုပ်ချုပ်ရေး၊လုံ ခြုံရေးအဖွဲ့များနှင့်တွေ့ဆုံ၍ အခက်အခဲများရှိမရှိမေးမြန်းခြင်း၊ လိုအပ်သည်များအား မှာကြားခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်ငွေများနှင့် အာဟာရစားသောက်ဖွယ်ရာများဖြစ်သည့် ယံယံခေါက်ဆွဲခြောက်များ၊ ပေါင်မုန့်များ၊ အချိုရည်ကတ်များ၊ ကြက်ဥကတ်များစသည်ဖြင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုင်းဒေသကြီးဝန်ကြီးချုပ်ခရီးစဉ်အား ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနမှ တာဝန်ရှိဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီများမှ ကြိုဆိုတွေ့ဆုံခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment