စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာများနှင့်တွေ့ဆုံပွဲအခမ်းအနားနှင့် ကလေးခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာများနှင့်တွေ့ဆုံပွဲအခမ်းအနားနှင့် ကလေးခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

060

061

062

မုံရွာ၊ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကလေးတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းလတ်က ကလေးတက္ကသိုလ်၏ ပညာသင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါမောက္ခ/ဌာနမှူးများက တက္ကသိုလ်၏ လိုအပ်ချက်များအား ဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကားပြောကြားပြီး ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ/ဆရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဒုတိယပါမောက္ခချုပ်ထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး)ရိပ်သာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ Grade-12 ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း အခြေခံပညာကျောင်းများအနီး အသံဆူညံမှုများမဖြစ်စေရေး၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အဖြေလွှာများစနစ်တကျသိမ်းဆည်ရေးနှင့် စာဖြေဌာနများအလိုက် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ ကလေးခရိုင်အတွင်း Gread-12 စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေး မိမိတို့ဌာနများအလိုက် ကြိုတင်စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages