ထန်းတပင်(ပဲခူး) , မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မဟာဝိသုတာရာမကျောင်းကြီးတိုက်အတွင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြစေရန် ဗုဒ္ဓ၏တရားတော်များနှင့် အညီနေထိုင်တတ်စေရန် ကိုယ် ၊ စိတ် ၊ နှလုံးသိမ်မွေ့စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနနှင့် ဓမ္မစကူးလ်တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီ အချိန်က ဓမ္မစကူးလ်သင်တန်းကို ဆက်လက်သင်ကြားလျက်ရှိသည်။
ဆက်လက်၍ ဓမ္မစကူးလ်သင်တန်းသို့ တက်ရောက်လာကြသော လူငယ်မောင်မယ် (၃၀၀)ဦးတို့ကို ဆရာ၊ ဆရာမများက အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည်ဖြစ်ပြီး ယနေ့တွင် အလှူရှင်များက အာဟာရမုန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment