အကြမ်းဖက်သမားတွေနဲ့ ထိတွေ့မှုတွေ ရှိတယ်။ အကြမ်းဖက်သမားတွေက ဆက်သွယ်ရေးမြောင်းတွေ တူးပြီး အကာအကွယ်ယူ တိုက်ခိုက်နေတယ်။
လေကြောင်းပစ်ကူ လာပေမယ့် ထိရောက်မှု နည်းနေတယ်။ အကြမ်းဖက်သမား အင်အားများတယ်။ ဒီကောင်တွေ ကျည်တွေကလည်း ဘယ်ကနေ ရနေမှန်းကို မသိဘူး။ ကျည်ပြတ်သွားတယ်ဆိုတာ မရှိဘူး။
စခန်းထဲကို အကြမ်းဖက်သမားများပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ်။ ကလေးတွေပါ ဗုံးစထိမှန်တာမျိုးတွေ ရှိတယ်။ တပ်က လုပ်ထားတဲ့ ဘန်ကာတွေထဲကို အကြမ်းဖက်သမားတွေက ဝင်ပြီး အကာအကွယ်ယူတယ်။ အဲဒါတွေကို မရှင်းနိုင်သေးဘူး ဖြစ်နေတယ်။ အကြမ်းဖက်သမားတွေ ခိုလှုံတဲ့ ဆေးခန်းကတော့ မရှိတော့ဘူး။ ရှင်းပြီးပြီ။ တခါ အကြမ်းဖက်သမား ၄ယောက် (စနိုက်ပါသမားတွေ) လမ်းပေါ်မှာ တွေ့လို့ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တာ ရှိတယ်။ အဲဒါလေးတွေ ကြည့်ပြီး ကျေနပ်နေလို့ မရဘူး။ မိသားစုတွေ ရှိသေးတယ်။ အကြမ်းဖက်သမားနဲ့ လက်တစ်ကမ်းမှာ ရင်ဆိုင်နေရတယ်။
လုပ်သင့်လုပ်ထိုက်တာကို ပီပီပြင်ပြင် လုပ်ပေးစေချင်ပါတယ်။
(ဖလမ်းတပ်ကို အကြမ်းဖက်နှိမ်နင်းရေး ဒရုန်းတွေ ကူညီပံ့ပိုးပေးရင် အမြန်ရှင်းလင်းဆောင်ရွက်နိုင်မယ့် အခြေအနေကို သိစေလိုခြင်း ဖြစ်ပါတယ်။)
https://t.me/MyanmarNationalPost
No comments:
Post a Comment