မွန်ပြည်နယ်ဝန်ကြီးချုပ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်ဝန်ကြီးချုပ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက်

098

099

100

101


ချောင်းဆုံ၊ မတ် ၁၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့ နံနက် (၁၀) နာရီက (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်တိုင်းရင်းသူများက မွန်ရိုးရာအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်းကို အသုံးပြု၍ ရွာလွတ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း (၁၉) ရွာ၊ အိမ်ခြေပေါင်း (၈၆၃၀) အတွက် မော်လမြိုင်သို့ ဆက်သွယ်သွားလာကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့်အပြင် ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန်အတွက် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) မှ လမ်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကတ္တရာလမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ကိုကျော် (ချောင်းဆုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages