ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာမိသားစု (၂၉၀) စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာမိသားစု (၂၉၀) စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်

085

ပုလော၊ မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၂၉၀) စုအား မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ က အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ဒုတပ်ခွဲမှုး ဦးဝင်းသိန်း ဦးစီး၍ တပ်ဖွဲ့ဝင် (၂၀) ဦးက မြန်မာ့နိုင်ငံ ကြက်ခြေနီ အသင်းမှ အိမ်ထောင်စု (၁) စုလျှင် အိမ်အသုံး အဆောင်ပစ္စည်းများ ဖြစ်သည့် ဒန်အိုး/ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ရေပုံး၊ တာလပါ၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်း၊ လက်ဆေးဆပ်ပြာရည်၊ ဆိုလာဓာတ်မီးများ ဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သည့် အိမ်ထောင်စု (၂၉၀) စုအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။


အေးအေးမော်(ပုလော)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages