ပဲခူး၊ မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက် ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၆ရက်နေ့ ည ၁၀း၁၅ အချိန်ခန့်က ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၁၉)၊ တပင်ရွှေထီး(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ တာဝန်ရှိသူများမှသွားရောက်၍ မီးငြိမ်းသတ်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ည ၁၀း၃၀ အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၁၀း၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ပိုင်ရှင်မှာ ဦးကျော်မင်း၊ ၆၅နှစ်၊ တပင်ရွှေထီး(၂)လမ်း၊ နယ်မြေ(၁၉)၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူဖြစ်ပြီး မီးလောင်မှုအား စစ်ဆေးခဲ့ရာ အိမ်အတွင်းရှိ မီးအားမြှင့်စက်မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စိစစ်နေဆဲဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့်လူ/တိရိစ္ဆာန်ထိခိုက် မှုမရှိကြောင်း သိရသည်။
ဇော်မိုး (ပဲခူး)
https://t.me/MyanmarNationalPost
No comments:
Post a Comment