ရွေးကောက်ပွဲကျင်းပသည့်အခါ ရုရှား၊ ဘယ်လာရုစ် မှ ကိုယ်စားလှယ်များ စေလွှတ်ပေးမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွေးကောက်ပွဲကျင်းပသည့်အခါ ရုရှား၊ ဘယ်လာရုစ် မှ ကိုယ်စားလှယ်များ စေလွှတ်ပေးမည်

010

013

014

နေပြည်တော်၊ မတ် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်မှ အပြန် မီဒီယာများက မေးမြန်းမှုအပေါ် ဖြေကြားရာတွင် "ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော် ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ပြောတာရှိတယ်။" ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ဖြေကြားမှုအပြည့်အစုံမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားတာပါ။ သူတို့က တရားဝင် ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ဟာတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက် နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စရပ်တွေပေါ့။ နောက် နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့်တော့ ခရီးသွားကဏ္ဍ တွေ တိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုက ပညာရေး၊ နောက် သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒါတွေ နယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့ နှစ်နိုင်ငံလုံးက ဒါကို အားလုံးလက်ခံပါတယ်။ နောက် ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော် ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦးနှစ်ဖက် ဒီတွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေ အများကြီးရခဲ့တယ်ဗျ။ ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့ တော်တော်ဖြစ်လာတာကို ကျွန်တော် တွေ့တယ်ဗျ။ ဒါဟာ ကျွန်တော်တို့အတွက် (နောက်အနာဂတ်နိုင်ငံအတွက်) (နောင်နိုင်ငံတော် အနာဂတ်အတွက်လည်း) ကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကို ပြောရဲပါတယ်။" ဟု ရှင်းလင်း ဖြေကြားသွားသည်။

ဗိုလ်ချုပ်မှူးကြီး က " ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူ အများလည်း အားလုံးကျန်းမာချမ်းသာကြပါစေ။ နောက် အစစအရာရာ တိုးတက်အောင်လုပ်နိုင်ကြ ပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည် တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော် ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။" ဟု ဖြေကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages