ပေါင်၊ မတ် ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပေါင်မြို့နယ်မင်္ဂလာဈေးအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန် ကျေပွန်ခဲ့သည်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် ၊တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ “ချစ်ညီစစ်သည်သို့” ကဗျာ၊ ကာတွန်းစသည့်အချက်များပါဝင်ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment