တစ်တော့ ပိုင်ရှင်က တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးဖြစ်လာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တစ်တော့ ပိုင်ရှင်က တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးဖြစ်လာ

005

မတ် - ၂၈ (သောကြာနေ့)

ByteDance ကုမ္ပဏီတည်ထောင်သူ ၊ တစ်တော့ ဆိုရှယ်မီဒီယာပိုင်ရှင် ဇန်ယီမင်း ကို ဘလွန်းဘာဂ်စီးပွားရေး သတင်းဌာနက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်ချက်ပြုလိုက်ပါတယ်။ 

ဒီကနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘီလီယံနာများ ညွှန်ကိန်းပြဇယားမှာ ဇန်ယီမင်းက ၂၄ နေရာမှာ ရှိခဲ့ပါတယ်။ နောက်ပြီး ဖိုဘီ အချမ်းသာဆုံး စာရင်း ၊ ဟူရန်အချမ်းသားဆုံးသူများ စာရင်းတွေမှာလည်း သူ့ကို တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အဖြစ် မှတ်တမ်းတင်ထားပါတယ်။ 

ဘလွန်းဘာဂ်မှာက ဇန်ယီမင်းရဲ့ ပိုင်ဆိုင်မှုက ၅၇.၅ ဘီလီယံရှိတယ်လို့ ဆိုပေမဲ့ ဖိုဘီ မှာက ၆၅.၅ ဘီလီယံ ပိုင်ဆိုင်တယ်လို့ ပြပါတယ်။ ယီမင်း ( ၄၂ နှစ် ) ByteDAnce ကို ၂၀၁၂ ခုနှစ်မှာတည်ထောင်ခဲ့ပြီး ၂၀၂၅ခုနှစ်မှာ ကန်ဒေါ်လာ ဘီလီယံ ၄၀၀ကျော်ပိုင်ဆိုင်ခဲ့ပါတယ်။ 


REF: Bernama

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages