ငဖဲ၊ မတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ညနေ ၃ နာရီအချိန်က မြို့အဝင်ဂိတ်နှင့် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန်ကျေပွန်ခဲ့သည် (ဆောင်းပါး)၊ ၂၀၂၅ ခုနှစ် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်(၄)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေ (၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ မျိုးမြတ်မြတ်မြင့်မောင် ရေးသားသည့် ချစ်ညီစစ်သည်သို့ (ကဗျာ)၊ တပ်မတော်နေ့ ဓာတ်ပုံနှင့် သရုပ်ဖော်ရုပ်ပြများပါဝင်သည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဥမ္မာကျော်နှင့် ဝန်ထမ်းများက ငဖဲမြို့အဝင်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment