ကလောမြို့နယ်၊ ပဲရင်းတောင်ကျေးရွာအုပ်စု၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ကျေးရွာ (၆)ရွာ စုပေါင်းရေပေးရေးလုပ်ငန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကလောမြို့နယ်၊ ပဲရင်းတောင်ကျေးရွာအုပ်စု၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ကျေးရွာ (၆)ရွာ စုပေါင်းရေပေးရေးလုပ်ငန်းဖွင့်ပွဲ ကျင်းပ

 

061

060

059

ကလော၊ မတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ပဲရင်းတောင်ကျေးရွာအုပ်စု၊ တင်ကြီးကြပ်ကျေးရွာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ကျေးရွာ (၆)ရွာ စုပေါင်းရေပေးရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက တင်ကြီးကြပ်ကျေးရွာ၌ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ကလောခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်းတွင် သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသည့် ကျေးရွာများရှိပါကြောင်း၊ ရေရှားပါးမှုကြုံတွေ့နေရသည့် ကျေးရွာများကို စုပေါင်းပြီး ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၉၇)ရွာကို အကျိုးပြုသည့် စုပေါင်းရေပေးရေးလုပ်ငန်း (၂၁)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ခြေ (၈၇၉၇)အိမ်၊ လူဦးရေ (၄၂၆၀၈)ဦးအတွက် သောက်သုံးရေလုံလောက်စွာရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပဲရင်းတောင်အုပ်စုတွင် တည်ရှိသည့် ကျေးရွာ (၆)ရွာသည် နှစ်စဉ်ရေရှားပါးမှုကြုံတွေ့ရသည့် ကျေးရွာများဖြစ်ကြောင်း၊ ကျေးရွာ (၆)ရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများ၏ အိမ်အဝန်းအဝိုင်းထိ ရေရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အထူးဝမ်မြောက်ကြောင်း၊ ရေရှားပါးမှုကို အမှန်တကယ်ကြုံတွေ့ခံစားနေရသည့် ကျေးရွာများဖြစ်ခြင်းကြောင့် တန်ဖိုးရှိသည့်ရေကို ဆုံးရှုံးမှုမရှိအောင် စည်းစနစ်ကျကျသုံးစွဲကြရန် တည်ဆောက်ပေးပြီးဖြစ်သည့်အတွက် ရေပေးရေးစနစ်တစ်ခုလုံးကို စနစ်တကျထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ရေပေးရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့‌‌နောက် ဒေသခံကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရေပေးရေးလုပ်ငန်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် က‌လောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်တို့က ကျေးရွာ (၆)ရွာအား စုပေါင်း‌ရေပေးရေးအတွက် ရေဘားခလုတ်တို့ကို ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။


ကျော်ဝင်း(ကလော)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages